ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ ဇန်နဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွန်းရောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံ၍ ဗဟုသုတများရရှိစေရန်ု ယခုလိုဟောပြောပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များ အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့ကျင့်ကောင်းများဖြစ်ပေါ်လာစေရေးနှင့် စာပေ၏အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟော ပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)