ကျောက်ဆည် ဇန်နဝါရီ ၁၄
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်အနေဖြင့် နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ကျောင်းသူများ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး လူရည်ချွန် ကျောင်းသား/ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောက်ဆည်ခရိုင်(ဗဟို)အဆင့် လူရည်ချွန်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူရည်ချွန်ရေးဖြေစာမေးပွဲတွင် Grade-9 ကျောင်းသား၊ကျောင်းသူ(၉)ဦး၊ Grade-10 ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ Grade-11 ကျောင်းသား၊ကျောင်းသူ(၈)ဦး၊ Grade-12 ကျောင်းသား၊ကျောင်းသူ (၈)ဦး၊ စုစုပေါင်း(၃၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ အထွေထွေဗဟုသုတဘာသာရပ်များ၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုများ စစ်ဆေးခဲ့ကြောင်း သိရသည်။
လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ ရွေးချယ်ရာတွင် တစ်ဦးချင်းစွမ်းဆောင်ရည်သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ အမှတ်ပေးခြင်း၊ စိစစ်ရွေးချယ်ခြင်းများပြုလုပ်၍ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလပြည့်စုံပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း ကျောက်ဆည်ခရိုင်(ဗဟို)အဆင့် လူရည်ချွန်ရေးဖြေစာမေးပွဲတာဝန်ရှိသူတစ်ဦးမှ ပြောပြ၍ သိရသည်။
သက်မောင်(ပြန်/ဆက်)