အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့နှင့် ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆီကုန်သည်များနှင့် မြို့နယ် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ဝန်ထမ်းများအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတွင် စားအုန်းဆီ တစ်ပိဿာ(၈၄၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဖောင်ကြီး)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဖောင်ကြီး)၌ ကျင်းပပြုလုပ်သည်။
Jan 11,2025
ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါ စေတီတော်ဂေါပကအဖွဲ့ရုံး၌ ကျင်းပသည်။
Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး လှိုင်ပညာခန်းမ၌ ကျင်းပခဲ့သည်။
Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ ဧရာဝတီခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Jan 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၊ ယာယီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ဘက်စုံပညာကိုရည်တိုးလှမ်းချီ” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Jan 11,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနအမှတ် (၃၆) စက်မှုလယ်ယာစခန်းတို့ ပူးပေါင်း၍ လာဝတီကျေးရွာရှိ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧက(၁၀၀)တွင် စက်မှုလယ်ယာစခန်းကော့မှူးမှ KUBOTA ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။
Jan 11,2025
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။