လှိုင်မြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲ ကျင်းပ

လှိုင် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး လှိုင်ပညာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် Grade – 9 ကျောင်းသား၊ ကျေင်းသူများက “ကြိုဆိုပါတယ် စုံညီပွဲတော်သီချင်း” ဖြင့် အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက အသီးသီးအမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ ရိုးရာအကအလှများဖြင့်ဖျော်ဖြေခဲ့ကြပြီး Grade – 5 ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ညိုထွန်း(ပြန်/ဆက်)