သမိုင်းတန်ဖိုးကြီးမားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်းမြို့နယ် သံဘိုရွာသို့ ကျောက်ဖြစ်ရုပ်ကြွင်းဝါသနာရှင်၊ပညာရှင်များလာရောက်လေ့လာနိုင်

ကျောက်ပန်းတောင်း  ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက် ကျေးရွာမှ မြောက်ဘက် ၁ မိုင် ၅ ဖာလုံခန့်အကွာ၊ ပုပ္ပားဂေါက်ကွင်းမှ အနောက်ဘက် ၁ မိုင် ၁ဖာလုံခန့် အကွာတွင်ပုပ္ပားအုပ်စု၊ သံဖိုချောင်းဖျားကျေးရွာနှင့်သံဖိုအုပ်စု၊ သံဘိုအလယ်ရွာ၊ သံဘိုရွာသစ်တို့ တွင်နှစ်သက်တမ်းများစွာက တည်ရှိခဲ့သည့် ကြီးမားသည့်အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းနှင့် သံချက်ဖိုတွေအား ရပ်ရွာအခြေပြုခရီးစဉ်ဒေသဖြစ်နိုင်၊ မဖြစ်နိုင်နှင့်တိုင်းရင်းဆေးရွာလုံး ကျွတ်ထုတ်လုပ်ရောင်းချနေပုံများအား လာရောက်လေ့လာပါရန်သံဘိုကျေး ရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုး၏ တက်ကြွသည့်ဖိတ်ကြားမှု၊ သွားရောက်လေ့လာ လိုသည့်စိတ်တို့ဖြင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံဌာနခွဲရုံးမှ ဦးမျိုးမင်းအောင်(လက်ထောက် ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် အဆိုပါရှေးအလွန်ကျသည့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်းတောင်း မြို့နယ်သံဘိုကျေးရွာသို့သွားရောက်၍ ရပ်ရွာအခြေပြုခရီးစဉ်ဒေသ ဖော်ဆောင်လို့ရမရနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ပြောကြားထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ အမှန်တကယ်ရှိမရှိ မဏာမသွားရောက်လေ့လာခဲ့ကြကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အင်းကြင်းကျောက်နှင့် အခြား ကျောက်များ တရုတ်နိုင်ငံဝယ်လက်ကြောင့် အင်းကြင်းကျောက်ရှာ ဖွေရောင်းချသူများ သစ်တောနှင့်ထိစပ်သည့်ကျေးရွာများတွင် အမြောက်အများတွင်ကျယ်ခဲ့ရာ သံဘိုရွာသည်လည်း တစ်ရွာအပါအဝင်ဖြစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိခဲ့ရသည်။ ယခုတူးဖော်တွေ့ ရှိထားသည့် အင်းကြင်းကျောက်ဖြစ်ရုပ်ကြွင်းကျောက်ကြီးသည်လည်း မြေအနက် ၁၇ ပေခန့် တွင်၊ အလျား ၇၄ပေတူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်ဖို့ လည်းကျန်ရှိနေသေးကြောင်း ၊ အကုန်မတူးရသေးသည့်အတွက် အလျားအရှည်မည်မျှရှိ မည်ခန့်မှန်းမရသေးကြောင်း၊ လုံးပတ် ၆ပေ ၇လက်မရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးကရှင်းပြသည်။

 သံဘိုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဦးမောင်မောင်စိုးသည် ရှေးဟောင်းကျောက် ဖြစ်ရုပ်ကြွင်း၊ ပရိုင်းမိတ်ဟုယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအမည် ၁၀၀ခန့်စု ဆောင်းရရှိထားသော်လည်း ၇ မျိုးသာ သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကြောင်း သံဘိုရွာသို့လာရောက်သည့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များကခန့်မှန်းပေးခဲ့ကြောင်း သိရသည်။

တွေ့ရှိထားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများကိုလည်း သမင်ဂျို၊ ဆင်အံအောက်မေးရိုး၊ လိပ် ကျောခုံးကျောက်ဖြစ်ရုပ်ကြွင်း၊ နွားအရိုးကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ပခုက္ကူခရိုင် မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီးတွင် တွေ့ရသော ပုံတောင်ပရိုင်းမိတ်နှင့်တူသော နှစ် သန်းပေါင်း ၄၀၀၀ ကျော်ခန့်ရှိ လူသားမျိုးနွယ်အစဟုယူစရသည့် ပုံစံတူအမျိုးအမည်မသိ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းကိုလည်းတွေ့ရှိခဲ့ရပြန်သည်။ ထိုသံဘိုကျေးရွာသည် ပုပ္ပားတောင်မကြီး၊ ကိုးကွေ့ သစ်တောကြိုးဝိုင်းကပ်လျှက်တည်ရှိကာ အင်ကြင်းကျောက်များ စွာထွက်ရှိကြောင်း၊ကုန်းနေ၊ ရေနေသတ္တဝါများ စုံလင်စွာနေထိုင်ခဲ့သည့် အရပ်ဒေသဖြစ်ခဲ့ သည်များလားဟု သံဘိုကျေးရွာ လာရောက်သည့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်းများ မှတ်ချက်ပြုခဲ့ကြောင်း ဦးမောင်မောင်စိုး ကရှင်းပြသည်။

သံဘိုချောင်းဖျားကျေးရွာအရှေ့ဘက် မန်ကျည်းတောအတွင်း ပုဂံမင်းအဆက်ဆက်အား လက်နက်ဆက်သရသည့် သံချက်ဖိုအမြောက်အများရှိနေသေးပြီး သံချေးခဲများ၊သံချက်ဖိုများ အနီးတွင်တွေ့ရှိခဲ့ရသည်။ အဆိုပါသံချက်ဖိုများတည်ရှိရာ မန်ကျည်းတောတွင် နတ်ကွန်းတစ်ခုရှိပြီး သတိုးမင်းခေါင်နတ်ဖြစ် ကြောင်း၊ ရွာရှိသက်ကြီးများလည်း သံချက်ဖိုများအကြောင်း ရှင်းမပြနိုင်ကြပေ။

သံဘိုချောင်းဖျားကျေးရွာတွင် တိုင်းရင်းဆေးလုပ်ငန်းလုပ်ကိုင်ကြပြီး ပုပ္ပားဒေသထွက် ဆေးမြစ်၊ ဆေးဥမျိုးစုံကြိတ်ကာ တံဆိပ်အမျိုးမျိုးဖြင့် ပုပ္ပား၊ တောင် ကလပ်သို့ ဘုရားဖူး လာရောက်သည့် မြန်မာပြည်အရပ်ရပ်မှဘုရားဖူးများကို တိုင်းရင်းဆေးထုတ် လုပ်ရောင်းချသည့်ကျေးရွာတစ်ရွာ ဖြစ်ကြောင်းလည်းသိခဲ့ရပြီး အခါအခွင့်သင့်ပါက ကျောက်ဖြစ်ရုပ်ကြွင်းများရှိရာ ကျောက်ပန်း တောင်းမြို့နယ်၊ သံဘိုကျေးရွာသို့သွားရောက် လေ့လာသင့်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ဦးမျိုးမင်းအောင်(လက်ထောက်ညွှန်ကြားရေးမှူး)က လေ့လာသိရှိခဲ့ပုံများအား စာဖတ်သူများလာ ရောက်လေ့လာနိုင်ရန်ရေး သားလိုက်ရသည်။

ကိုထိန်၊KPD