အမာမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

အမာ     ဇန်နဝါရီ      ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊   ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးသူများကို အမာမြို့(၁)ရပ်ကွက်ရှိ တိလောကအောင်တော်မူ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့နံနက်(၉)နာရီက စတင်ကာ  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးနေ ကြောင်းသိရသည်။

အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လူဦးရေ (၈၀၀)ဦးခန့် အား ထိုးနှံဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယမန်နေ့နံနက်ပိုင်းတွင်  ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးနေမှုအား အမာမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

 အမာ ( ပြန်/ဆက် )