အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံ ပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့် စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း တို့ကိုဆောင်ရွက်လျက်ရှိရာ  ယနေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် နယ်လှည့်စာကြည့် တိုက်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ ဟိုပန်မြို့တွင် လူမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2021
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အားကစားပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
Dec 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ E-mail ပေးပို့နည်းနှင့် သတင်းဗီဒီယို တည်းဖြတ် နည်းသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ တောင်ကြီး မြို့ပေါ်ရှိ ခရစ်ယာန်ကျောင်းများသို့ သွားရောက်ကာ ခရစ္စမတ်လက်ဆောင်နှင့် အလှူငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြန်မာနိုင်ငံအသင်းတော် (အင်္ဂလိကန်)ဘုရားရှိခိုး ကျောင်းတွင် ကျင်းပခဲ့သည်။
Dec 24,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ အကြမ်း ဖက်ခံနေရတဲ့ ဘဝက လွတ်မြောက်အောင် ရုန်းထွက်နိုင်ရေး၊ အကြမ်းဖက်ခံရတဲ့သူ ကိုယ်တိုင် လိုအပ်လာလျှင် ဆက်သွယ်ဆောင်ရွက်ရမည့်ဌာနများ သိရှိစေရန် ရည်ရွယ်၍ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Dec 24,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် မြို့နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
Dec 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုယ်ပိုင်အထက်ဆင့် စာသင်ကျောင်း များမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။