သီပေါ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုယ်ပိုင်အထက်ဆင့် စာသင်ကျောင်း များမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် သီပေါမြို့နယ်အတွင်းရှိ ကိုယ်ပိုင်အထက်ဆင့်သင် ကျောင်းများမှ အသက်(၁၂)နှင့် အထက် ကျောင်းသား၊ ကျောင်းသူ(၈၈)ဦးနှင့် အခြေခံပညာကျောင်း များမှ ကျောင်းသား၊ ကျောင်းသူ(၄၈)ဦး၊ စုစုပေါင်း(၁၃၆)ဦးကို ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ် ကြောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းအား သတ်မှတ်ရက်အတွင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံရာသို့ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေး (သီပေါ/ပြန်ဆက်)