ညောင်ရွှေ ဒီဇင်ဘာ ၂၄
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံ ပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့် စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း တို့ကိုဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် နယ်လှည့်စာကြည့် တိုက်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ အထက(၃) ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်အေးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံမှ ဒုတိယဦးစီးမှူး ဒေါ်နန်းဆွေဆွေ အေးက နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရခြင်း အကြောင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းများကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က လွတ်လပ်ရေးနေ့အကြို လက်ဆောင်စကား ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်သူလေးများအတွက် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်း၊ မှတ်ဉာဏ်စွမ်းရည်အထောက်အကူပြု ဂိမ်းများကစားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
စိုင်းအယ်ဘဲ