စစ်တွေခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး Talk Show ကျင်းပ

စစ်တွေ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ အကြမ်း ဖက်ခံနေရတဲ့ ဘဝက လွတ်မြောက်အောင် ရုန်းထွက်နိုင်ရေး၊ အကြမ်းဖက်ခံရတဲ့သူ ကိုယ်တိုင် လိုအပ်လာလျှင် ဆက်သွယ်ဆောင်ရွက်ရမည့်ဌာနများ သိရှိစေရန် ရည်ရွယ်၍ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဒေါ်ခင်ယုယုနွယ် ခရိုင်ဦးစီးမှူးက ရှင်းလင်း ပြောကြားပြီး သိလိုသည်များအား မေးမြန်ဆွေးနွေးရာ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်လူမူဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုကာကွယ်ပေးဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက သီးခြားအထူးသဘောတူ စာချုပ် ကြေငြာစာတမ်းတွေ ရေးဆွဲထားပြီး မိမိနိုင်ငံနဲ့ ဆီလျော်မယ့် ဥပဒေမဟာဗျူဟာစီမံကိန်းတွေ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်ရေးအတွက် အသိ ပညာပေး သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စကားဝိုင်းများ၊ မြေစိုက်ပိုစတာ စိုက်ထူခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ဘဝရပ်တည်နိုင်ဖို့ အိမ်တွင်းမှုကျောင်းတွေ ဖွင့်လှစ်ပြီး အချုပ်အလုပ်၊ အချက်အပြုတ်သင်တန်းများနှင့် ကျောင်းအခြေပြု ရပ်ရွာအခြေပြု အထိ ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း လိုအပ်ပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ အား အသိပေးခြင်းဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

စစ်တွေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Talk Show များ ပြုလုပ် လျက်ရှိရာ ဒီဇင်ဘာလအတွင်း ယခုပြုလုပ်သည့် Talk Show သည် ဒုတိယအကြိမ်မြောက်ဖြစ် ကြောင်း သိရသည်။

ဇူလိုင်ကြယ်