ဟိုပန် ဒီဇင်ဘာ ၂၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ ဟိုပန်မြို့တွင် လူမှုရေးအသင်းအဖွဲ့များအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ဟိုပန်မြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ကိုဗစ်ကာလအတွင်း တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ နောင်တွင်လည်း ယခုလို ဟိုပန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီစေလိုကြောင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားပဲတက်သည့် အစိုးရနှင့် လက်တွဲကာ စိတ်ရင်းစေတနာမှန်ဖြင့် ပူးပေါင်းဆောင်ရွက်လျှင် ဟိုပန်မြို့သည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌ ဦးညီနပ်က လူမှုရေးအသင်းအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်(၃)သိန်းနှင့် လက်ဆောက်ပစ္စည်းများ ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ဓမ္မစကူးလ် ပရဟိတအသင်း၊ ပြည်သူ့ဂရုဏာ ဖောင်ဒေးရှင်းပရဟိတအသင်း၊ ရှမာရိပရဟိတအသင်းနှင့် အနာဂတ်အလင်းတန်း ပရဟိတအသင်းတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်