ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၄)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ကာလိ    ဒီဇင်ဘာ    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၄) ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည်။

ကွန်ဟိန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်နေ ပြည်သူ(၅)ဦးတို့သည် ဖျားခြင်း ၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်းတို့ကြောင့် ကာလိမြို့တိုက်နယ်ပြည်သူ့ဆေးရုံ၌ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦး ကိုဗစ်-၁၉ ရောဂါစစ်ဆေး တွေ့ရှိခဲ့သည်။ အဆိုပါ ပိုးတွေ့လူနာ (၄) ဦး တို့အား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသည့် အမျိုးသားအား မိမိနေအိမ်၌  ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းကျော်(ကာလိ)