မိုင်းကိုင် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်က အွန်လိုင်းအသိပညာပေးခြင်း လုပ်ငန်းအဖြစ် အမျိုးသမီးများဘဝတိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ (Talk Show) ကို လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင်လှိုင်ဦးက အမျိုးသမီးများဘ တိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုမွန်နောင်နှင့် လူမှုဝန်ထမ်း-၄ ဒေါ်မျိုးသရဖီဇော်တို့က အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ အမျိုးသမီးနှင့် ကလေးငယ်များ ဘဝတိုးတက်မြင့်မားရေး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးကာလ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်မှု၊ အမျိုးသမီးဘဝ ပြုစုပျိုးထောင်ခြင်း စသည့်ခေါင်းစဉ်များဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ အကြောင်းအရာများအား အမျိုးသမီးများ ဘဝတိုးတက် မြင့်မားရေးကို တစ်ဘက်တစ်လမ်းက အထောက်အကူ ပြုလာနိုင်စေရန်၊ အများပြည်သူ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာနိုင်စေရန်အတွက် Mong Kung Public Library နှင့် ချစ်သောမိုင်းကိုင်မြို့နယ်လူမှုကွန်ယက်စာမျက်နှာ (Facebook page) များတွင် အွန်လိုင်းမှတဆင့် ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးမောင်(မိုင်းကိုင်)