ဒိုက်ဦး ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မကူးစက်နိုင် သော ရောဂါများ ကာကွယ်ကုသရေးစီမံချက်ဖြင့် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝင်းအောင် ဦးစီးသော ကျန်းမာရေးဝန်ထမ်းများ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စာရင်းစစ်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန နှင့် ဥပဒေရုံးမှ ဝန်ထမ်းများအား အရပ်တိုင်းတာခြင်း၊ ပေါင်ချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် ခြင်း၊ ဆီးချိုသွေးချိုဖောက်၍ စစ်ဆေးပေးခြင်းနှင့် ရောဂါတွေ့ရှိပါက ကုသမှုပေးခြင်း၊ လိုအပ် ပါက လွှဲပြောင်းကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေး ကုသမှုပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်နောင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလတ်တို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)