အလုံမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌  စာဖတ်ဝိုင်းကျင်းပ

အလုံ ဒီဇင်ဘာ ၂၃

ပြည်သူများစာ​ပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အ​လေ့အထများ ရရှိ​စေရန်၊ အသိပညာ ဗဟုသုတရရှိ​စေရန်နှင့် လူအများနှင့် ပါဝင်​ဆွေး​နွေးတတ်သည့် အ​လေ့အထများ ရရှိ​စေရန်အတွက် ရည်ရွယ်ကာ ယ​နေ့ နံနက် (၁၀) နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆကိဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ အလုံမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းကိုဆောင်ရွက်ရာ မြို့နယ်စာ​ပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာ​ရေးဆရာ ချစ်ဦးညို​ရေးသားသည့် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်​ကျေးမှု စာမျက်နှာစာအုပ်ပါ အ​ကြောင်းအရာများကို  အသိပညာ ဗဟုသုတရဖွယ် အပြန်အလည်​ဆွေး​နွေး​ပြောကြားခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းကို အလုံမြို့နယ် စာ​ပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာ​ပေ ဝါသနာရှင်များ တက်​ရောက်ခဲ့​ပြီး  စာဖတ်ဝိုင်း​ဆွေး​နွေးပွဲကို  တစ်လလျှင် () ကြိမ် လစဉ် ဆောင်ရွက်လျက်ရှိ​ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်