အလုံ ဒီဇင်ဘာ ၂၃
မြို့သန့်ရှင့်သာယာလှပစေရေးအတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယမန်ရက်နေ့ ည(၉း၀၀) နာရီအချိန်က စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။.
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်ဌာန၊ ရေစီးရေလာနှင့် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ အလုံမြို့နယ်၊ကမ်းနားလမ်းတစ်လျှောက် မြောင်းကြီးထိပ်မှ သခင်မြပန်းခြံအထိ လမ်းမပေါ်မှ အမှိုက်များအား လှည်းကျင်းခြင်း၊ လမ်းမပေါ်ရှိ ရွှံ့နွံ၊ အမှိုက်အညစ်အကြေးများအား ရေပက်ဖြန်း ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုက်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။