အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျောင်းသား အိပ်ဆောင် အဆောက်အအုံသစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါ တည်ဆောက်ပြီးစီးသည့် အဆောက် အအုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 24,2021
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ခြင်းနှင့် ဂိမ်းကစားပွဲများ ပြုလုပ် ကျင်းပပေးခြင်းကို ယနေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေး စာဖတ်ခန်း နှင့် ဘက်စုံသုံးခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2021
ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာအုပ်စု၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ပန်းခင်း စီမံချက်ဖြင့် ယမန်​နေ့နံနက် ပိုင်းမှစ၍ အဆိုပါ ရပ်ကွက်ရုံးတွင် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသည်။
Dec 24,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန Community Center ခန်းမနှင့်ရုံးခြံဝင်း၌ကျင်းပသည်။