မြေပုံ ဒီဇင်ဘာ ၂၄
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြု ဗဟိုဌာန(Community Centre) ခန်းမတွင်မူလတန်းအဆင့် ဆေးရောင်ချယ်ပြိုင်ပွဲနှင့် စိတ်ကြိုက် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ကျောင်းသား၊ ကျောင်သူကလေးများက အရောင်အသွေးများ ရွေးချယ်တတ်စေရန်၊ တီထွင်လိုစိတ် ရင့်သင့် လာစေ ရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် အမှတ်ပေးမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ ပြိုင်ပွဲသို့ မြေပုံမြို့ အခြေခံပညာမူလတန်းကျောင်း သဲတန်းရှေ့မှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆေးရောင်ချယ်ပြိုင်ပွဲတွင် ပထမဆုကို မအေးအေးမွန် ၊ ဒုတိယဆုကို မိုင်မေကျော်မြင့်နှင့် တတိယဆုကို မချိုလွင်သံစဉ်လည်းကောင်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ပထမဆု မခင်ကြင်နာကို၊ ဒုတိယဆု မခင်နဒီအောင်နှင့် တတိယဆု မသဇင်နွယ်တို့ရရှိကြပြီး တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဝင်းမင်းစိုး (ပြန်/ဆက်)