ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ (၇၄) နှစ်မြောက် လွတ်လပ်‌‌ရေးနေ့ အထိမ်းအမှတ်အကြို အားကစားလှုပ်ရှား မှုများ ဆောင်ရွက်

ပိုင်ကျုံ  ဒီဇင်ဘာ  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲတွင် လွန်ဆွဲပြိုင်ပွဲ၊ တာတို အပြေးပြိုင်ပွဲ၊ ထုပ်စီးထိုးပြိုင်ပွဲ၊ အာလူးကောက်၊ ဇွန်းကိုက်၊ ဂုန်နီအိတ်စွပ်၊ ပူစီပေါင်းဖောက်ပြိုင်ပွဲများ ပါဝင်ကျင်းပ ဆောင်ရွက်ခဲ့​ကြရာ မြို့ဦးစီးမှူးဒေါ်နော်ခူးခူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများမှ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများအား (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့၌ ဆုများအသီးသီး ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)