သံဖြူဇရပ်မြို့နယ် ကျောင်းရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး

သံဖြူဇရပ် ဒီဇင်ဘာ  ၂၄

ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျောင်းရွာအုပ်စု၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ပန်းခင်း စီမံချက်ဖြင့် ယမန်​နေ့နံနက် ပိုင်းမှစ၍ အဆိုပါ ရပ်ကွက်ရုံးတွင် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး အသက် ၁၀ နှစ်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃ (က) တွင် ကျား(၂)ဦး၊ မ(၁)ဦး၊ အသက် ၁၈နှစ် နှင့်အထက် နိုင်ငံသား ကတ်ကိုင်ဆောင်မှု ၆ (က) တွင် ကျား(၁)ဦး၊ မ(၂)ဦး၊ အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့်လဲလှယ်တွင် ကျား(၁၉)ဦး၊ မ(၈)ဦးနှင့် ပျောက်ဆုံး၊ ပျက်စီးထုတ်ပေးခြင်းတွင် ကျား(၆)ဦး၊ မ(၄)ဦးတို့အား ကတ်အမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း(၄၃)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့​ပြီး၊ မြို့နယ်ဦးစီးအရာရှိမှ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စနစ်တကျ မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်း အသုံးပြုရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပြုလုပ်ရန်ကျန် ရှိသည့် ဒေသခံပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)