အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကလေးများအား ပုံပြော၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲကိုကျင်းပသည်။
Dec 30,2021
​ကျောင်းသား၊ ​ကျောင်းသူများ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်​စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာ​စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ​​ကျောင်းသား၊ ​ကျောင်းသူများဖြစ်လာ​စေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်​နေ့တွင် ကျ​ရောက်မည့် (၇၄) နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အထိမ်းအမှတ်ကျောင်းတွင်း အထက်တန်းအဆင့် ကျပန်းစကား​ပြောပြိုင်ပွဲကို ယမန်​နေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ် (၄) အခြေခံပညာ အထက်တန်း​ကျောင်း၌ ကျင်ပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်​ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်သူများ၊ ကျောင်းသား/ သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးနှင့် အ.ထ.က( ၁) အခြေခံပညာအထက်တန်းကျောင်း၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Dec 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ထိုးနှံခွင့်ရရှိစေရန်နှင့် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်စေရန် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 30,2021
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ဥတ္တရခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။  
Dec 30,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က (၄) ကျောင်းရှိ သီရိရတနာခန်းမတွင် ယမန်နေ့နံနက် (၉) အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က  မြို့ပေါ် ရပ် ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် Hand speaker လှည့်လည်အသိပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။
Dec 30,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်တွက် ပထမအကြိမ်၊ ဒုတိယအကြိမ် ကာကွယ် ဆေးမထိုးနှံရ သေးသည့်အသက (၆၀)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်၈ နာရီမှ ညနေ ၃ နာရီအထိ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ ကျိုက္ကဆံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။