အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဒေသနွားမများအား ဈေးကွက်ဝင် အရည်အသွးမြင့် မျိုးကောင်းမျိုးသန့်နွားများပွားများလာစေရေးအတွက် ဒေသနွားနှင့် နို့စားနွားမများအား မေထုံမဲ့ သားစပ်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နားခံကျေးရွာအုပ်စု ပန်အူကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Jan 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (Omicron) ရောဂါပိုးအကြောင်း ပြည်သူများသတိပြု သိရှိလိုက်နာစေရန်အတွက် ယနေ့ နံနက် ၉ နာရီက မြို့ပေါ် ရပ်ကွက်များအတွင်းသို့ လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 20,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လျာထားသူဦးရေ၏ (၅၁.၂၅)ရာခိုင်နှုန်းကို အဆိုပါကာကွယ်​ဆေး ထိုးနှံပြီးစီးပြီဖြစ် ကာကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊‌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ  Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကြိုတင် ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ရှေ့လုပ်ငန်းစဉ်အကြောင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 20,2022
မြို့တော်သန့်ရှင်းသာယာ သပ်ရပ်စေရေးအတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်၊ စံပြရပ်ကွက်အဖြစ်​ ရွေးချယ်ထား​သော အမှတ်(၇) ရပ်ကွက်၊ မလိခလမ်းရှိ မြက်ပင် ခြုံနွယ်များ ရှင်းလင်းခြင်း၊​​​ ရေမြောင်းရှင်းလင်း​ခြင်းနှင့် သန့်ရှင်းရေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယ​နေ့ နံနက် ၉ နာရီအချိန်က ​​မြို့နယ်စည်ပင် သာယာ​ရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို) ဟောပြောပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre ) ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
Jan 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မီးသတ်စခန်း၌ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဇော်မျိုးဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်တိုးတက်ထက်မြက်စေရန် ရည်ရွယ်၍ ယနေ့နံနက်( ၇)အချိန်တွင် လောင်းလုံးမီးသတ်ရုံး၌ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။