သဲကုန်း ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကလေး သူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊စာပေနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို နေ့စဉ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ မြို့အတွင်းရှိပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာပေချစ်သူများအနေဖြင့် စာကြည့် တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေးအတွက် ဝန်ထမ်းများမှ အလှည့်ကျအစီအစဉ်ဖြင့် နေ့စဉ်Onlineမှ အသိပညာပေးအစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စကားပုံများတင်ဆက်ခြင်း၊ သိမှတ်ဖွယ်ရာ အစီအစဉ်များကို လည်းကောင်း၊ စာပေချစ်ပရိတ်သတ်များအတွက် သုတ/ရသစာအုပ်များ ရွေးချယ်မိတ်ဆက် ခြင်း၊ ကျန်းမာရေးအသိပညာပေးဆောင်းပါးများ ရွေးချယ်တင်ဆက်ခြင်းအစီအစဉ်စသည့် အသိပညာပေးအစီအစဉ်များနှင့် Talk Showအစီအစဉ်များကို ရိုက်ကူး၍ သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Pageမှတစ်ဆင့် ထုတ်လွှင့်အသိပညာပေးလျက်ရှိ ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)