Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြင်ဦးလွင်မြို့တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 04,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၈) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ကျောင်းများ၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပ
Jan 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများကို ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ကျောင်းများ ယနေ့ နံနက် ၉ နာရီအချိန်က တပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Jan 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်(၉း၃၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ကာ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ ကျင်းပ
Jan 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကို သင်္ဃန်းကျွန်းခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉နာရီက အမှတ်( ၈) ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသစ်နှစ် ဘက်စုံထူးချွန်ဆုချီးမြှင့်ခြင်း၊ ပညာရေးစုံညီပွဲတော် အခမ်းအနားနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 04,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ယနေ့နံနက် (၀၈:၃၀)အချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆင်ဖြူရှင်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနား၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးကျော်မင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်းအင်အား(၃၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 04,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ
Jan 04,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ
Jan 04,2025
စစ်ကိုင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းကို ယနေ့ နံနက်(၄)နာရီ၊ (၂၀)မိနစ်က ဗိုလ်ချုပ်ကြေးရုပ်အနီး ရွှေမင်းဝံပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1916
Page
1917
Page
1918
Page
1919
Current page
1920
Page
1921
Page
1922
Page
1923
Page
1924
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department