သာကေတ ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ယနေ့နံနက် (၀၈:၃၀)အချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆင်ဖြူရှင်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနား၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးကျော်မင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်းအင်အား(၃၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဆင်ဖြူရှင်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်တို့ က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ပညာရေးစုံညီပွဲတော် ပျော်ပွဲရွှင်ပွဲများအား ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)