(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ

မူဆယ် ဇန်နဝါရီလ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် ဘောလုံးပြိုင်ပွဲကို အသင်း(၁၁)သင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်ကစတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲ၏ တတိယလုပွဲကို အ.ထ.က (၃)နှင့် မန့်ဝိန်းအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး အ.ထ.က (၃)အသင်းက အနိုင်ရရှိကာ တတိယရရှိခဲ့သည်။ ဆက်လက်ပြီး အ.ထ.က(၁)နှင့် အ.ထ.က(၂)အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ကြရာ အထက(၂) အသင်းက (၁)ဂိုး-ဂိုးမရှိဖြင့် ပထမဆုရရှိခဲ့သည်။ ကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုရရှိသူများကို (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား၌ ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ချယ်ရီမြေ (မူဆယ်)