ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ကျောင်းများ၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပ

ဗိုလ်တထောင် ဇန်နဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများကို ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ကျောင်းများ ယနေ့ နံနက် ၉ နာရီအချိန်က တပြိုင်တည်း  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဒေါက်တာ ခင်သူဇာစိန် တက်ရောက်၍ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြောင်းနှင့် ကျောင်းအုပ်ကြီးများက ကျေးဇူးတင်စကားများ ပြောကြားခဲ့​ကြောင်း သိရသည်။၊

ပညာရေးစုံညီအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင် (၂)ဦးအောင်မိုးကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်မေအေးမြင့်နှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဌာနဆိုင်ရာ ဖိတ်ကြားထားသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသားဟောင်းများ တက်ရောက်ကြကြောင်း သတင်းရသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူကလေးများ၏ အကအလှများဖြင့် ဖျော်​ဖြေခြင်း၊ ဆုရကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများ အသီးသီးက ဆုပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်း အနားကို နံနက်ပိုင်းတွင် တစ်မြို့နယ်လုံးရှိ​ကျောင်းများမှ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း သတင်းရသည်။

ခင်ဝင်း(ပြန်/ဆက်)