စဉ့်ကိုင် ဇန်နဝါရီ ၁၄
နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် အသက်(၁၂)နှစ်အထက် အလယ်တန်း အထက်တန်းကျောင်း သားကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦး စီးဌာနမှူး ဒေါက်တာ သိမ့်အိသူနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဆန်းလွင်နှင့် ပညာရေးဌာနမှ ဝန်ထမ်းများ၊ စဉ့်ကိုင် အ.ထ.ကကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းဆီနှင့် ဆရာ၊ဆရာမများ၊ မြို့နယ်မီးသတ်သတ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး မထိုးမှီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ကာကွယ်ဆေး ထိုးပြီးလျှင်ဆေးနှင့် ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါ ကချက်ခြင်း အရေးတုံ့ပြန်နိုင်ရန်အတွက် မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခြင်းများ ဆောင်ရွက်စဉ့်ကိုင်မြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ ကာကွယ်ဆေးလာရောက်ထိုးနှံရာတွင် အဆင်ပြေစေရေးအတွက် အခြေခံပညာအလယ်တန်း အထက်တန်း ကျောင်းပေါင်း (၃၁)ကျောင်း၊ ကိုယ်ပိုင် ကျောင်း(၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေး (၉) ကျောင်းမှ ကျောင်းသား /ကျောင်းသူများအား စဉ့်ကိုင် အ.ထ.က ကျောင်းတွင် (၁၉) ကျောင်း၊ ပလိပ် အ.ထ.က ကျောင်းတွင် (၁၀) ကျောင်း၊ ဘယ်လင်း အ.ထ.က ကျောင်းတွင် (၁၁) ကျောင်း စုရပ်နေရာ (၃) နေရာခွဲ၍ ကျောင်းသား၊ ကျောင်းသူ (၆၇၂) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ(၃၃၆)လုံးကို နှစ်ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ညိုညိုဝင်း