Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မောက်မယ်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT နှင့် ပတ်သက်၍ အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
Jan 14,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ် ကလေးများ အာဟာရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MCCT (Maternal and Child Cash Transfer) နှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ရေး၊ စာရင်းကောက်ယူရန်အတွက် ရပ်/ကျေးစာရေးများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များအား ပူးပေါင်းပြီး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 14,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေး ဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ အခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်လှစ်
Jan 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်း လူငယ်လူရွယ်များအား အခြေခံရှေးဦးပြုစုခြင်းနှင့် ပတ်သက်၍ သိရှိနိုင်စေရန်နှင့် လူနာများအား ရှေးဦးပြုစုရာတွင် စနစ် တကျ ဆောင်ရွက် တတ်စေရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ကျေးရွာများအရောက် ဖွင့်လှစ် သင်ကြားဆောင်ရွက်ပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနရုံး၌ ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မိုးစပါးရိတ်သိမ်းပြီးသွား၍ ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတို့သည် မြေအစိုဓာတ်ရှိချိန်အတွင်း နိုဝင်ဘာလလယ်မှ စတင်ကာဆောင်းသီးနှံ ပဲတီစိမ်း အချိန်မီထွန်ယက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ မြေဆွေးပုံ များ လက်တွေ့ပြုလုပ်ပြသ
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ မြေဆွေးပုံ များ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်ပြည့်ပြီးသောကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ် Sinovac ကိုဆက်လက်ထိုးနှံပေး
Jan 14,2022
နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့် အသက်(၁၂)နှစ်အထက် အလယ်တန်း အထက်တန်းကျောင်း သားကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 14,2022
ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံးမှ ကြီးမှူးကျင်းပသည့် ပန်းခင်း စီမံချက်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၅)ရပ်ကွက် ရေလယ်ကုန်းရပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19134
Page
19135
Page
19136
Page
19137
Current page
19138
Page
19139
Page
19140
Page
19141
Page
19142
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department