လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ အခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်လှစ်

လှိုင်းဘွဲ ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်း လူငယ်လူရွယ်များအား အခြေခံရှေးဦးပြုစုခြင်းနှင့် ပတ်သက်၍ သိရှိနိုင်စေရန်နှင့် လူနာများအား ရှေးဦးပြုစုရာတွင် စနစ် တကျ ဆောင်ရွက် တတ်စေရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ကျေးရွာများအ‌ရောက် ဖွင့်လှစ် သင်ကြားဆောင်ရွက်ပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနရုံး၌ ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဝင်းဇော်၊ ဒုတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြူနှင့် သင်တန်းနည်းပြများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ သင်တန်းသား/သူ (၂၇)ဦးတို့အား ကြက်ခြေနီအသင်း၏ လုပ်ငန်း‌ဆောင်ရွက်ချက်များ၊ ရှေးဦးပြုစုခြင်း သဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြုစုခြင်း၊ဒဏ်ရာအမျိုးမျိုးနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ သွေးဆုတ်၊သွေးလန့်ခြင်း၊မူးမေ့သတိလေ့ခြင်း၊ အဆိပ်သင့် ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကိုယ်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံသက်ကယ် အထောက်အကူ ပြုနည်း စသည်တို့ကို ဇန်နဝါရီလ (၁၄) ရက်နေ့မှ ဇန်နဝါရီလ (၁၆) ရက်နေ့အထိ () ရက်ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)