ပိုင်ကျုံမြို့အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အဌမ အသုတ် (ပထမအကြိမ်) အဖြစ် ဆက်လက် ထိုးနှံပေးမည်

ပိုင်ကျုံ   ဇန်နဝါရီ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှု   အမြန်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၁၄)ရက်နေ့တွင် အဌမအသုတ် (ပထမ) အကြိမ်အဖြစ် စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း  သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် တာဝန်ရှိ သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူပေါင်း၍ ဆောင်ရွက်‌ ပေးလျက်ရှိကြောင်း သိရသည်။ ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံ သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများတို့က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်   ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)