Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲ ကျင်းပ
Jan 17,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်းမှ အသက်(၇၀)နှစ်အထက် စာရေးဆရာကြီး/ဆရာမကြီးများအား အသင်းအမှုဆောင် အဖွဲ့ဝင်များ အဆက်ဆက် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင်လည်း သက်ကြီးပူဇော်ပွဲကို ဇန်နဝါရီ(၁၆)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် စာရေးဆရာအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် ဖွံ့ဖြိုးသန့်ရှင်းသာယာလှပရေး ခွာညိုလမ်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Jan 17,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန အနေဖြင့် မြို့နယ်ဖွံ့ဖြိုးသာယာလှပရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရေး အတွက် နှစ်စဉ်ရပ်ကွက်အတွင်းရှိလမ်းများကို အဆင့်မြင့်တင် ဆောင်ရွက်လျက်ရှိရာ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၃)ရှိ ခွာညိုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ (၄၁)ကြိမ်မြောက် ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယ ဗုဒ္ဓဘိသေက အနေကဇာတင် အခမ်းအနားကျင်းပ
Jan 17,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၄၁)ကြိမ်မြောက် ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယ ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသူတောင်သူများ အစေးလှီး ရော်ဘာပြားထုတ်လုပ်ခြင်းလုပ်ငန်း အဆက်မပြတ်လုပ်ကိုင်လျက်ရှိ
Jan 17,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသောကျေးရွာများတွင် ယခုအခါ အစေးလှီးခြင်းနှင့် ရော်ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆက်မပြတ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 17,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့် လက် မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ နှမ်းကျဲကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြိုနယ်တွင်(Omicron)အပါအဝင် ကိုဗစ်-၁၉ဗီဇပြောင်း ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်
Jan 17,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်(Omicron)အပါအဝင်ကိုဗစ်-၁၉ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်၁၉ရောဂါကာကွယ်ရေးနှင့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် လုံခြုံစိတ်ချမှုရရှိခဲ့သော လယ်တောင်ယာကျေးရွာနေ နို့တိုက်မိခင်တစ်ဦး၏ ရင်တွင်းခံစားချက်စကားသံ
Jan 17,2022
ကျမနာမည် မဇင်မီမီခိုင်ပါ။ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာ အုပ်စု- လယ်တောင်ယာကျေးရွာမှာ မိသားစုနဲ့အတူ ဥယျာဉ်လုပ်ငန်း လုပ်ကိုင်ရင်းနဲ့နေတာပါ။ ကျမနဲ့အတူ အသက်(၆၀)နီးပါးရှိမိဘနှစ်ဦးနဲ့ နို့တိုက်ကလေးတစ်ဦးလဲရှိပါတယ်။ အရင်က ကျမတို့ ရွာထဲမှာ ကျန်းမာရေးဆရာ/မတွေ ကိုဗစ်-၁၉ကာကွယ်ဆေးတွေ အခမဲ့ လာထိုးပေးနေတာ သိလဲသိတယ်။ မြင်လဲမြင်တွေ့နေပါတယ်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18999
Page
19000
Page
19001
Page
19002
Current page
19003
Page
19004
Page
19005
Page
19006
Page
19007
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department