အမြို့မြို့အနယ်နယ်သတင်းများ

Jan 05,2025
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jan 05,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက သရက်ခရိုင်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ(၄၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့  သ၀ဏ်လွှာဖတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ နံနက် ၇ နာရီ၌ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း အောင်​ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 05,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Jan 05,2025
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အလေးပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပန်းခြံ  လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပပြီး သဝဏ်လွှာဖတ်ခြင်းအခမ်းအနားကို ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ နံနက် ၇ နာရီတွင်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ခေတ္တခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ဖတ်ကြားခဲ့ကြောင်း သိရသည်။
Jan 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၄.၁.၂၀၂၅ ရက်စွဲပါ အမိန့်အမှတ်၊ ၂/၂၀၂၅နှင့် ၄/၂၀၂၅တို့ဖြင့်၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နုလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/အကျဉ်းသူတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ပုဒ်မခွဲ(၁)အရ အကျဉ်းသား၊ အကျဉ်းသူ(၁၀၀၉)ဦးအား လွတ်ငြိမ်းသက်သာခွင့်လွှတ်ပေးပွဲကို ယနေ့နံနက်ပိုင်းက အင်းစိန်ဗဟို အကျဉ်းထောင်ဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 05,2025
 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် သာယာဝတီဗဟိုအကျဉ်းထောင်မှ အကျဉ်းသား(၈၇)ဦး၊ အကျဥ်းသူ(၁၀)ဦးတို့အား ယမန်နေ့နံနက်ပိုင်းက လွှတ်ပေးခဲ့ကြောင်း သိရသည်။