(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လပွတ္တာမြို့နယ်၌ စံပြမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပ

လပွတ္တာ ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ယနေ့နံနက် ၈ နာရီအချိန်က (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

လပွတ္တာမြို့နယ် ကျန်းမာရေးဦးစီးဌာန(ဆေးရုံဟောင်း)တွင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စံပြမိခင်နှင့် ကလေးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ လပွတ္တာခရိုင်မိခင်နှင့်ကလေး‌‌စောင့်ရှောက်မှုအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းမှဦဆောင်၍ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့်အသင်းဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြပြီး လပွတ္တာမြို့အမှတ်(၁၀)ရပ်ကွက်ရှိ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးများ လာရောက်ယှဥ်ပြိုင်ကြကြောင်းနှင့် ၂-၁-၂၀၂၆ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမ၌ ဆုပေးပွဲအား ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)