Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ဈေးကြီးများအား မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေး
Jan 06,2025
စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်မိုအောင်ဦးဆောင်သောအဖွဲ့သည် မုံရွာမြို့ပေါ် ရပ်ကွက်များရှိ ချင်းတွင်းဈေး၊ မြသလ္လာဈေး၊ သီရိရတနာဈေး၊ ပြည်ထောင်စုဈေးတို့သို့ ယနေ့နံနက်ပိုင်းကရောက်ရှိပြီး ဈေးတာဝန်ခံများနှင့်တွေ့ဆုံပြီး ဈေးကြီးများအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအား အထူးအလေးထားကာ မီးငြိမ်းသတ်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန်များ၊ ရေစုပ်စက်များ၊ ရေငုတ်များကောင်းမွန်မှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပို့ချ
Jan 06,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၏ ဆွေးနွေးပို့ချခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ဆွေးနွေးပို့ချလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယမန်နေ့နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ခရိုင်အဆင့်(Grade-11)နှင့် (Grade-12)ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်လှစ်
Jan 06,2025
ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်နှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပညာ(Grade-11)နှင့် (Grade-12) ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့တွင် ကလေးအသက် (၂)လမှ (၁)နှစ်ခွဲအထိ ပုံမှန်ကလေးကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်
Jan 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စတင်ထိုးနှံဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ဆောင်းရာသီ သီးပင်စားပင်နှင့်နှစ်ရှည်ပင်များ နှစ်စဥ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Jan 06,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဒေသခံစိုက်ပျိုးရေးတောင်သူများအနေဖြင့် ဆောင်းရာသီ သီးပင်စားပင်နှင့် နှစ်ရှည်ပင်များနှစ်စဥ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်မင်္ဂလာအသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပ
Jan 06,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်မင်္ဂလာအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်းက အသင်းဝင်တောင်သူများ သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖ…
Jan 06,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားလာစေရန်နှင့် အရည်အသွေးကောင်းသော သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အသင်းဝင်တောင်သူများကို သီးနှံအဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရန်အတွက် စိုက်ပျိုးရေးသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1882
Page
1883
Page
1884
Page
1885
Current page
1886
Page
1887
Page
1888
Page
1889
Page
1890
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department