Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အင်းစိန်မြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ
Jan 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်နေရာအသီးသီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Jan 05,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့နံနက် ၄ နာရီ ၂၀ မိနစ်က ကလောမြို့ မြို့နယ်ခန်းမရှေ့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကိုလွှင့်တင်ပြီး ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ အလေးပြုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ခြင်းနှင့်အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2025
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ(၄)ရက်နံနက်ပိုင်းက သတ်မှတ်နေရာ အသီးသီးတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်အကျဥ်းထောင်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြစ်ဒဏ်ကျခံသူ(၄၈)ဦးအား လွတ်ငြိမ်းခွင့်ပြု
Jan 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်အကျဉ်းထောင်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင့်-၄၀၁(၁)အရ ပြစ်ဒဏ်ကျခံနေသော အကျဥ်းသား/ သူ(၄၈)ဦးတို့အား ဇန်နဝါရီ ၄ ရက်နေ့ နေ့လယ် ၁၁း၃၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ဇော်ထွန်း၊ အတွင်းရေးမှူးရဲမှူး ထွန်းထွန်းအေး၊ မအူပင်အကျဉ်းထောင်မှ ဦးစီးအရာရှိဦးမျိူကျော်သူတို့မှ ဆုံးမစကားပြောကြားပြီး ခရီးစရိတ်များပေးအပ်၍ သတ်မှတ်စည်းကမ်းချက်ဖြင့် လွတ်ငြိမ်းခွင့် ပြုလုပ်ပေးခဲ့ရာ မိသားစုများက ဝမ်းသာစွာဖြင့် လာရောက်ကြိုဆိုခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားပြုလုပ်
Jan 05,2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယမန်နေ့နံနက်(၄)နာရီ (၂၀) မိနစ်ချိန်တွင် ပြည်သူ့ အားကစားကွင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ကျင်းပရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလံလွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနား ကျင်းပ
Jan 05,2025
၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ လားရှိုးလမ်း၊ ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် အကျဉ်းစခန်း(၃)ခု မှအကျဉ်းသား/သူ (၈၈)ဦး လွတ်ငြိမ်းခွင့်ပြု
Jan 05,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိအကျဉ်းစခန်း(၃)ခုမှ အကျဥ်းသား၊သူ(၈၈)ဦးတို့အား ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ
Jan 05,2025
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1887
Page
1888
Page
1889
Page
1890
Current page
1891
Page
1892
Page
1893
Page
1894
Page
1895
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department