မြို့သစ် ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ရုံးတွင် ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကိုပြည်သူများနိုင်ငံ၏ နေ့ထူးနေ့မြတ်ရက်များအား အမြဲအမှတ်တရ သိရှိနေစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေတန်ဖိုးကို သိနားလည်စေရန်၊ စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုကို ရရှိကြစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပြီး နံရံကပ်စာစောင်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဆောင်းပါးများ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူများ၊ ကဗျာ၊ ကာတွန်းများ၊ ဆောင်ပုဒ်များ၊ မှတ်တမ်းပုံများ ပြသထားရှိပြီး၊ စာအုပ်ပြပွဲတွင် ပြည်ထောင်စုနေ့နှင့် ပတ်သတ်သည့် သုတစာအုပ်များ၊ ကဗျာစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြ၊ စာစောင်များ ပြသထားရှိပေးခဲ့သည်။ အဆိုပါ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲသို့ စာပေဝါသနာရှင် စာဖတ်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)