အမြို့မြို့အနယ်နယ်သတင်းများ

Feb 15,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V ထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန် သတ်မှတ်စုရပ် နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Feb 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သုံးဘီးမော်တော်ယာဉ်  ဖြင့်လှည့်လည်၍ကိုဗစ်-၁၉ ဗီဇပြောင်းမျိုး ကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Feb 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပြည်သူ (၁၂၆) ဦးတို့အား Booster ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ရုရှားနိုင်ငံထုတ် Sputnik Light ကာကွယ်ဆေးကို ၃၈ ရပ်ကွက်၊ မင်္ဂလာအေး ကျောင်း တိုက်၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 15,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေး စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ
Feb 15,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အသင်းလိုက်နှင့် တစ်ဦးချင်းဆုများ ဆွတ်ခူးရယူ ခဲ့ကြသော ပြည်နယ် ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းအား ယမန်နေ့နံနက် ၁၁ နာရီက မြစ်ကြီးနားလေဆိပ်၌ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။
Feb 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှု ဖြင့် ယနေ့နံနက် ၆ နာရီခွဲက မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
Feb 15,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်  ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၂)ကြိမ် မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၅ နာရီက စေတီတော်လိုဏ်အတွင်း၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရန်ကုန်အသင်း(ကန့်ဘလူ)ဝင်များ၊ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
Feb 15,2022
 ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး (၆)လနှင့် အထက်ရှိသူများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ရဟန်းသံဃာများကို ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃နာရီအချိန်အထိ၊ ကျိုက္ကစံဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ရုရှားနိုင်ငံထုတ် (Sputnik Light) Booster Dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျား ၁၆၀ ဦး၊ မ ၈၀ ဦး စုစုပေါင်း ၂၄၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။