အမြို့မြို့အနယ်နယ်သတင်းများ

Feb 15,2022
ရန်ကုန်အ နောက်ပိုင်းခရိုင် ဒဂုံမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၈း၀)နာရီအချိန် ကယောမင်းကြီး ရပ်ကွက်ရှိ ဗိုလ်ရာညွှန့်စျေး၊ ဘုရားကြီးရပ်ကွက်ရှိ အခွန်လွှတ်စျေး၊ ဦးဝိစာရရပ်ကွက်ရှိဒဂုံရိပ်သာစျေးတို့တွင် မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းပိုးမကူးစက်စေရေး အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရ သည်။
Feb 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ‌ စေရေးအတွက် ယနေ့နံနက် (၉) နာရီအချိန်က၊ မော်တင်ယာယီဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင် ကမ်းနားကွန်ကရစ်လမ်းထောင့် တွင် ယာဉ်စစ်‌ဆေးခြင်း ဆောင်ရွက်လျက်ရှိ‌သည်။
Feb 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိ များပြားလာသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်း​တောစျေးအတွင်း လူစည်ကား​ရာ​နေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံ  ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာရန် အသိပေးကြေညာခြင်း နှင့်  နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Feb 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာဝင် ပြည်သူများက တပို့တွဲလပြည့် အဖိတ်နေ့ညတွင် ပြုလုပ်သည့် " မလိုထင်းဖြူမီးပုံပွဲ " အတွက်အသုံးသည့် ဒေသအခေါ် မလိုထင်းဖြူများကို ရောင်းချ၍ ဒေသခံကျေးရွာပြည်သူများက တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။ 
Feb 14,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိ ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများ ဖြစ်သည့် ရန်ကင်းမြို့နယ်အမှတ် ၁၁ ရပ်ကွက်ရှိ ကံဘဲ့ဘူတာစျေး အတွင်း၌ ပူးပေါင်းအဖွဲ့များမှ အသိပညာပေး ကြေညာခြင်းနှင့် ဗီနိုင်းပိုစတာများချိတ်ဆွဲ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသောဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မင်္ဂလာဒုံမြို့နယ်ရှိ ချစ်တီးကုန်းရပ်ကွက်နှင့် တိလောကရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ကျန်ရှိသော ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Feb 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ နေဝန်းနီ (IDPs)တိုက်ပွဲရှောင်စခန်း၌ ယနေ့နံနက်(၁၀)နာရီခွဲအချိန်တွင် နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron) ရောဂါအကြောင်း အသိပညာပေး ဟော ပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Feb 14,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင်   (၂၃)ကြိမ်မြောက်  ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲကို  ယမန်နေ့က  ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။