မန်ကန်မြို့၌ ပွဲလူလို(ခေါ်)တံပူပွဲတော် ဘုရားမီး ပူဇော်ပွဲ

မန်ကန်  ဖေဖော်ဝါရီ  ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင်၊ မန်ကန်မြို့၌ တပို့တွဲလဆန်း (၁၄)ရက်နေ့ ညနေပိုင်း တွင် နှစ်စဉ်ကျင်းပ ပြုလုပ်မည့် ပွဲလူလို(ခေါ်) တံပူပင်ပွဲတော် ဘုရားမီးပူဇော်ပွဲအတွက် စေတီပုံဖော်ခြင်းကို  ယမန်နေ့ ညပိုင်းတွင် စတင်မီးရှို့ပူဇော်ခဲ့သည်။

ထိုသို့ ပြုလုပ်ရာတွင် ရွာသူ / ရွာသားနှင့် ရပ်ကွက်သူ / ရပ်ကွက်သားများ စုပေါင်း၍ ဘုရားမီး ပူဇော်ရန်အတွက် စေတီပုံအား တံပူပင်အသားဖြင့် တည်ဆောက်ကြသည်။ ဘုရားမီး ပူဇော် ရခြင်းမှာဘိုးဘွားစဉ်ဆက်က ရှိခဲ့သော ထုံးတမ်းအစဉ်အလာ အယူအဆတစ်ခု မပျောက်ပျက် စေရန်နှင့် ဓာတ်ကြီးလေးပါးမှ တစ်ပါးဖြစ်သည့် မီးဓာတ်လှူဒါန်းခြင်းဖြင့်ရှင်အနုရုဒ္ဓရဟန်း ကဲ့သို့ ဉာဏ်ပညာထွန်းလင်း တောက်ပအောင်ဖြစ်သည်ဟု ဒေသခံ သက်ကြီး ရွယ်အို တစ်ဦးမှ ပြောကြားခဲ့သည်။

၎င်းတံပူပင်ပွဲတော်ကိုခေါက်ယာဂုခေါ် ထမနဲနှင့်ယှဉ်၍ လှူဒါန်းဖွယ်အဖြစ် ညနေစောင်းချိန်၌ ဖယောင်းတိုင်မီးများထွန်းညှိပြီး မီးရှို့ပူဇော် လှူဒါန်း သွားခဲ့ကြကြောင်း သိရသည်။

မန်ကန်(ပြန်/ဆက်)