မီးဘေးသင့်နေအိမ်နှစ်လုံးအား ကန်ကြီးထောင့်မြို့၌ ထောက်ပံ့ပစ္စည်းများပေးအပ်

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာ၌ ယခုလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးသွားသော နေအိမ်နှစ်လုံးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၌ ပြုလုပ်ရာ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက‌ အိမ်ပိုင်ရှင် မိသားစုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ မီးဘေးသင့် နေအိမ်နှစ်လုံးအတွက်‌ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀၀၀ဝိ) ကျပ်နှင့် ဘေးသင့်လူဦးရေ ၁၀ ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာ ထောက်ပံ့ငွေ (၂၁၀၀ဝိ)ကျပ်၊ စုစုပေါင်း (၄၂၀၀၀ဝိ)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အိမ်ပိုင်ရှင်မိသားစုများက လက်ခံရယူခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်