တိုက်ကြီးမြို့နယ် ဉက္ကံမြို့တွင် Mask Campaign ပြုလုပ်

တိုက်ကြီး     ဖေဖော်ဝါရီ     ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဉက္ကံမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ ပါးစပ် / နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဉက္ကံမြို့ အနော်ရထာရပ်ကွက် ရန်ကုန် - ပြည် ကားလမ်းတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ Mask Campaign ဆောင်ရွက်ရာတွင် အဖျောက်မြို့ အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော် ဉီးဆောင်သော နယ်မြေခံ ရဲတပ်ဖွဲ့၊ ဉက္ကံမြို့မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော အဖွဲ့က ဖြတ်သန်းသွားလာနေသော ခရီးသွား ပြည်သူများအား ပါးစပ် / နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ် / နှာခေါင်းစည်း Mask မတပ်ဆင်သူများကို Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး၊  ဉက္ကံ၊ အဖျောက်မြို့များတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ၊ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးခြင်း လုပ်ငန်းများ၊  ပြည်သူများ ပါးစပ် / နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာရေးလှုပ်ရှားမှု Mask Campaign များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဉီးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်