ဖား​ဆောင်းမြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းများ အရှိန်အဟုန်မြှင့် ​ဆက်လက်ဆောင်ရွက်

ဖား​ဆောင်း ဖေ​ဖော်ဝါရီ  ၂၀

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွား​နေ​သော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ​ပြောင်း​ရောဂါပိုး အိုမီခရွန်​စောင့်ကြပ်ထိန်းချုပ်နိုင်​ရေးနှင့် ​ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ​ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အချိန်တိုင်း ပါးစပ်နှင့် နှာ​ခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်​ကောင်းများ ဆက်လက်လိုက်နာကျင့်သုံး​စေ​ရေး ရည်ရွယ်၍ ယ​မန်​နေ့ ည​နေ (၄)နာရီအချိန်မှစ၍ ​တောင်ပိုင်းရပ်ကွက်ရှိ ပူး​ပေါင်းကျန်းမာ​ရေး စစ်​ဆေးသည့်ဂိတ်၌ ပူး​ပေါင်း အဖွဲ့ဖြင့် Mask Campaign ပြုလုပ်၍ (Mask) များကို (အခမဲ့)ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

ထိုသို့(Mask Campaign) ပြုလုပ်ရာတွင် ခရီးသွားပြည်သူများ၊​ စျေး​ရောင်း​စျေးဝယ်ပြည်သူများ၊ အ​ကြောင်းအမျိုးမျိုး​ကြောင့် မြို့တွင်းမြို့ပြင် သွားလာ​နေသူများအား ကျန်းမာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ​​နေထိုင်သွားလာကြရန်၊ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ လမ်းသွား လမ်းလာ ပြည်သူများအား (Mask)များ ဖြန့်​ဝေ​ပေးခြင်းတို့ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ (Mask Campaign) ပြုလုပ်ရာသို့ မြို့နယ်ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်​ကော်မတီဝင် များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ လူမှုကူညီ​ရေးအသင်းအဖွဲ့များက ပူး​ပေါင်း​ဆောင်ရွက်ခဲ့​ကြောင်း နှင့် (Mask) (၂၅၀)ခုကို (အခမဲ့)ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)