Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုင်းတုံမြို့၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
Jan 01,2026
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 01,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 01,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေါပုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ
Jan 01,2026
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်း ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ကော့သောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲ ကျင်းပ
Jan 01,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့(၁၁)နာရီက အောင်လံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၊ မောမြေဦးပန်းခြံ၌ ပထမအကြိမ်ပန်းပွဲတော်ဖွင့်ပွဲကျင်းပ
Jan 01,2026
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လေ့လာလည်ပတ်နိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြို့မိ၊ မြို့ဖနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဥာဏ်စမ်း၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ရွှေပြည်သာမြို့နယ်၌ ကျင်းပ
Jan 01,2026
ကျောင်သား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်စေရန်နှင့် ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ၊ ဥာဏ်စမ်း၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့၌ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Jan 01,2026
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်၊ မိုးလုံလေလုံ မြို့မအားကစားရုံရှေ့တွင်လည်းကောင်း၊ ကျုံဒိုးမြို့ ပြည်သူ့ဆေးရုံရှေ့တွင်လည်းကောင်း ဒို့အတူတူမဲပေးကြမယ် မြေစိုက်ပိုစတာတို့ကို စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1867
Page
1868
Page
1869
Page
1870
Current page
1871
Page
1872
Page
1873
Page
1874
Page
1875
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department