အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲရုံဖွင့်လှစ်မည့် ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ကျောတိုက်) ကျောင်းအနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေး လှည့်လည်ဆော်ဩခြင်းများကို ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
Jan 07,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပရန်အတွက် MEVM မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ခန်းမသို့ရောက်ရှိကြောင်း သိရသည်။
Jan 07,2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေး၊ မဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 07,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများဆင်းပွဲကို ယမန်နေ့က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(ကျိုင်းတုံ)တွင် ကျင်းပသည်။
Jan 07,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဇန်နဝါရီလ (၁၁)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် မဲရုံများသို့ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် လုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်​ခြင်းများကို ယမန်နေ့ နံနက် (၈)နာရီက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့သည်။
Jan 07,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြို့နယ်အတွင်းရှိ ပြည်သူများမဲပေးပိုင်ခွင့် မဆုံးရူံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသူများနှင့် (ပျက်စီး၊ ပျောက်ဆုံး၊ လဲလှယ်)တို့အား ယမန်နေ့နံနက် ၉ နာရီအချိန်က စက်ကုန်းပိုင်းရပ်ကွက်၊ အနော်မာရုံဘုန်းကြီးကျောင်း၌  One stop service ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
Jan 06,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၃ ရက်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
Jan 06,2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို လှိုင်းဘွဲမြို့နယ်အတွင်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီက လှိုင်းဘွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။