အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊မွေးမြူးရေးအထက်တန်းကျောင်း ရတနာခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကိုယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Jan 03,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U20 နှစ်အောက် ရပ်ကွက်ကျေး ရွာအုပ်စု အမျိုးသားဘောလုံးဗိုလ်လုပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက အမှတ်(၁)ရပ်ကွက် မြို့မအားကစားကွင်းတွင် နယ်မြေ(၂)ဘောလုံးအသင်းနှင့် နယ်မြေ (၇) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
Jan 03,2026
မွန်​ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းကို ယနေ့နံနက် ၉ နာရီက ​မြို့နယ်အားကစားကွင်း မိုလုံလေလုံခန်းမ၌ ပြုလုပ်သည်။
Jan 03,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်​၊ ရွှေသောင်ယံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်း ရွှေသောင်ယံတွင် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က စတင်ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2026
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jan 03,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆို​ပြိုင်ပွဲ ကျင်းပခဲ့သည်။
Jan 03,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၂၀)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပြိုင်ပွဲအမျိုးအစားအလိုက် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက  ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။