ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့၌ ဒို့အတူတူမဲပေးကြမယ် မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ကော့ကရိတ် ဇန်နဝါရီ ၁

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်  မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက  ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်၊ မိုးလုံလေလုံ မြို့မအားကစားရုံရှေ့တွင်လည်းကောင်း၊ ကျုံဒိုးမြို့ ပြည်သူ့ဆေးရုံရှေ့တွင်လည်းကောင်း ဒို့အတူတူမဲပေးကြမယ် မြေစိုက်ပိုစတာတို့ကို စိုက်ထူခဲ့ကြသည်။

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ကော့ကရိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက  မြေစိုက်ပိုစတာအား  အမွှေးနံ့သာရည်များပက်ဖြန်း၍ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး  တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒီမိုကရေစီကို ပြည်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွှဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးစို့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြစို့၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ စသည့်ဆောင်ပုဒ်များပါသည့် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကသည်။

အလားတူ ကျုံဒိုးမြို့တွင် မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြေစိုက်ပိုစတာအား  အမွှေးနံ့သာရည်များပက်ဖြန်း၍ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)