ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

ဆင်ပေါင်ဝဲ     ဖေဖော်ဝါရီ     

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ထုတ်ဝေသော "ကလေးအလုပ်သမားပပျောက်ရေး" လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာစျေးနှင့် လူစည်ကားသော လမ်းဆုံ၊ လမ်းခွများတွင် လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်အရောက်  စောင်ရေ(၁၅၀)ဖြန့်ဝေ ပေးခဲ့သည်။

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် အချိန်တွင် ကလေးများအား ကလေးအလုပ်သမား ဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြရန်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်()ရပ်၊ သင်အလုပ်ခန့်မည့် ကလေးများသည် အသက်(၁၄)နှစ်ပြည့်ပြီးဖြစ်ပါစေ၊ ကလေး အလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်စသည်တို့ ပါဝင်ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၏ ဦးဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်()ဗိုလ်မှူး မျိုးဇော်ဟိန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ကလေးအလုပ်သမား ပပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်/ဆက်)