ပန်းတနော်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွာသစ်( ၆) လမ်းမြေသားဖို့ခြင်းနှင့် Box Culvert ( ၁)စင်းတည်ဆောက်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပန်းတနော် ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ကွက်သစ်ရပ်ကွက်ရှိ ရွာသစ်( ၆) လမ်းမြေသားဖို့ခြင်းနှင့် Box Culvert ( ၁)စင်းတည်ဆောက်ခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဗိုလ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်က မြို့ကွက်သစ်ရပ်ကွက် ရွာသစ်( ၆)လမ်း မြေသားဖို့ခြင်းနှင့် Box Culvert ( ၁)စင်းတည်ဆောက်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးဇေယျာမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရွာသစ်( ၆)လမ်း မြေသားဖို့ခြင်းနှင့် Box Culvert (၁)စင်း တည်ဆောက်ခြင်းပြီးစီးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်( ပြန်/ ဆက်)