လားရှိုးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ဆန်များအခမဲ့ဖြန့်ဝေ

လားရှိုး  ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် ၁၀နာရီအချိန်မှစ၍ ပြည်သူများအတွက် လားရှိုးမြို့ ပရဟိတအသင်းအဖွဲ့များကဦးဆောင်၍ ဆန်များ အခမဲ့ကူညီဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ဆန်များဖြန့်ဝေမှုကို ပြည်သူများက နံနက် ၉နာရီအချိန်မှစ၍ တန်းစီစနစ်ဖြင့် ပြည်သူတစ်ဦးလျှင် ဆန်(၂)ပြည်နှုန်းဖြင့် လူဦးရေ(၈၀၀)ဦးစာ စီစဉ်ထားပြီး နံနက်ပိုင်းတွင် သာသနာ့ဗိမာန်တွင် လည်းကောင်း၊ နေ့လည်(၁)နာရီအချိန်တွင် လူမျိုးဘာသာမရွေး လူမှုကူညီရေး အခမဲ့ဆေးခန်းတွင် လည်းကောင်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး